ကယ်တင်ခြင်းလုပ်ငန်းတာဝန်
သြစတြေးလျနိုင်ငံရှိ တိရိစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့မှ စေတနာ့ဝန်ထမ်းများက (၇၅) ပေါင်ကျော်ခန့် အလေးချိန်ရှိသည့် ညစ်ပတ်ပေရေပြီး ကျပ်ခဲပြင်အမွှေးများနှင့် လှည့်လည်သွားနေသည့် သိုးတစ်ကောင်ကို တွေ့ရှိခဲ့သည်။ ထိုသိုးသည် ချုံပုတ်ကြားတွင် ပျောက်ဆုံးကျန်ရစ်ခဲ့သည်မှာ အနည်းဆုံး (၅) နှစ်ခန့်ရှိမည်ဟု ကယ်ဆယ်သူများက သံသယဝင်နေကြသည်။ သက်သောင့်သက်သာမဖြစ်သည့် အမွှေးထူများ ညှပ်ရိတ်ချိန်တွင် ကယ်ဆယ်သူများက သိုးကို ချော့မော့ပေးခဲ့ရသည်။ အမွှေးများ ဖယ်ရှားပြီးပြီးချင်းပင် ထိုသိုးသည် အစာစားတော့သည်။ ၎င်း၏ခြေများလည်း ခိုင်လာသည်။ ဘေးမဲ့တောတွင် ၎င်းအား ကယ်ခဲ့သူများနှင့်သာမက အခြားတိရိစ္ဆာန်များနှင့်အတူနေရင်း တဖြည်းဖြည်း စိတ်ချလက်ချ စိတ်ချမ်းသာစွာ နေခဲ့သည်။
လေးပင်သောဝန်ထုပ်ဝန်ပိုး၏ ဖိစီးမှုဒဏ်ကြောင့် နာကျင်ခံစားရမှု၊ မေ့လျော့ပစ်ပယ်ခံရမှု၊ အလျင်အမြန် ကယ်တင်ခံရရန် လိုအပ်နေမှုကို ဆာလံဆရာဒါဝိဒ် ကောင်းစွာနားလည်သည်။ ဆာလံကျမ်း ၃၈ တွင် ဒါဝိဒ်သည် ဘုရားသခင်ကို ဟစ်ခေါ်တောင်းဆိုခဲ့သည်။ သူသည် တစ်ဦးတည်းသီးခြားဖြစ်နေခြင်း၊ သစ္စာဖောက်ခံရခြင်းနှင့် ကူညီရာမဲ့ ဖြစ်နေသည် (:၁၁-၁၄)။…
ဘုရားနှုတ်ကပတ်တော်၏တန်ခိုးတော်
၁၉၆၈ ခုနှစ် ခရစ်စမတ်အကြိုည၌ ‘အပိုလို-၈’ အာကာသယဉ်မှူးများဖြစ်သည့် Frank Borman (ဖရန့်ဘောမန်း)၊ Jim Lovell (ဂျင်းမ်လာဗလ်)နှင့် Bill Anders (ဘေးလ်အန်ဒါစ်)တို့သည် လပတ်လမ်းသို့ ဝင်ရောက်သွားနိုင်သည့် ပထမဆုံးလူသားများဖြစ်လာသည်။ သူတို့သည် လကို (၁၀) ကြိမ်ပတ်နေစဉ်အတွင်း လနှင့်ကမ္ဘာမြေတို့၏ဓာတ်ပုံများကို တစ်ပါတည်းပေးပို့ခဲ့သည်။ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခု၌ ကမ္ဘာဦးကျမ်း ၁ ကို သူတို့အလှည့်ကျ ဖတ်ခဲ့ကြသည်။ နှစ် (၄၀) ပြည့် နှစ်ပတ်လည်ပွဲ၌ ဘောမန်းက “ခရစ်စမတ်နေ့အကြိုညမှာ လူသားအသံကို စောင့်နားထောင်တဲ့သောတရှင် ပရိသတ် အများဆုံးရှိမယ်လို့ ကျွန်ုပ်တို့ကိုကြိုပြောထားတယ်။ နာဆာအဖွဲ့မှရရှိတဲ့ တစ်ခုတည်းသောညွှန်ကြားချက်ကတော့ သင့်တင့်လျောက်ပတ်စွာ ဆောင်ရွက်ဖို့ပဲဖြစ်တယ်”ဟု ပြောပြသည်။ ‘အပိုလို-၈’ အာကာသယဉ်မှူးများ ဖတ်ပြခဲ့သည့်ကျမ်းပိုဒ်များသည် သမိုင်းဝင်ထုတ်လွှင့်မှုကို ကြားရသည့် နားဆင်သူတို့၏ နှလုံးသားထဲသို့ သမ္မာတရားမျိုးစေ့များကို ကြဲဖြန့်စိုက်ပျိုးနေဆဲဖြစ်သည်။
ဘုရားသခင်သည် ပရောဖက်ဟေရှာယအားဖြင့် “နူးညွတ်သောနားနှင့် ငါ့ထံသို့လာကြလော့။ နားထောင်ကြလော့။ သို့ပြုလျှင်…
အပြန်အလှန်အားပေးမှု
နောက်ထပ်တစ်ပတ် ဆေးကုသမှုခံယူပြီး နောက်ဆက်တွဲပြဿနာများကြောင့် ခြေကုန်လက်ပန်းကျလျက် ဆိုဖာပေါ်သို့ ကျွန်မပစ်လှဲချလိုက်သည်။ မည်သည့်အရာမျှ မစဉ်းစားချင်။ မည်သူတစ်ဦးတစ်ယောက်နှင့်မျှလည်း စကားမပြောလို။ ဆုပင်မတောင်းနိုင်တော့ပါ။ စိတ်ဓာတ်ကျခြင်းနှင့်သံသယစိတ်များက ဖိစီးလျက် ကျွန်မ ရုပ်မြင်သံကြားကို ဖွင့်လိုက်သည်။ ကျွန်မကြည့်မိသည့် ကြော်ငြာတစ်ခုတွင် မိန်းကလေးငယ်တစ်ဦးက သူ့မောင်ငယ်လေးကို “မင်းက ချန်ပီယံ တစ်ယောက်ပါ” ဟုပြောနေသည်။ သူမက ဆက်ပြီး အခိုင်အမာ ထပ်ပြောသောအခါ သူ့မောင်လေးနှင့်အတူ ကျွန်မ၏အပြုံးလည်း နားရွက်တက်ချိတ်လေပြီ။
ဘုရားသခင်၏လူများသည် စိတ်ဓာတ်ကျခြင်း၊ သံသယများနှင့် အစဥ်ရုန်းကန်ခဲ့ရသည်။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဘုရားသခင်၏အသံကိုကြားနိုင်သည်ဟု အခိုင်အမာပြောသည့် ဆာလံကျမ်း ၉၅ ကို ကိုးကား၍ ဟေဗြဲဩဝါဒစာရေးသူက သခင်ယေရှုကို ယုံကြည်သူများအား ကန္တာရ၌လှည့်လည်စဉ် ဣသရေလူမျိုးတို့ပြုခဲ့သော အမှားများကို ရှောင်ကြဥ်ရန် (ဟေဗြဲ ၃:၇-၁၁)၊ “ညီအစ်ကိုတို့၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင့်ထံတော်မှ ထွက်သွားသောအားဖြင့် မယုံကြည်တတ်၊ ဆိုးညစ်သောစိတ်နှလုံးမရှိစေခြင်းငှာ သတိပြု(ရန်) ...…
တည်မြဲသောမျှော်လင့်ခြင်း
ဆရာဝန်များက (၄) နှစ်သားလေး ဆော်လမွန်တွင် ကြွက်သားများ တဖြည်းဖြည်း ကြုံလှီလာသည့် Duchenne (ဓူးရှန်)ရောဂါကို ရှာဖွေတွေ့ရှိခဲ့သည်။ တစ်နှစ်အကြာ တွင် ဆရာဝန်များက မိသားစုနှင့် ဘီးတပ်ကုလားထိုင်သုံးရမည့်ကိစ္စကို ဆွေးနွေးခဲ့ကြသည်။ သို့သော် ဆော်လမွန်က ၎င်းကို အသုံးမပြုလိုဟု ကန့်ကွက်ခဲ့သည်။ မိသားစုနှင့် သူငယ်ချင်းများက သူ့အတွက် ဆုတောင်းပြီး ဘီးတပ်ကုလားထိုင်မလိုအောင် ကူညီပေးမည့် ကျွမ်းကျင်စွာ လေ့ကျင့်ထားသော ဝန်ဆောင်မှုပေးသည့် ခွေးတစ်ကောင်ရရှိရန် တတ်နိုင်သမျှ ရန်ပုံငွေ ရှာဖွေခဲ့သည်။ ကျွန်မကိုဝန်ဆောင်မှုပေးသည့် ခွေးလေး Callie (ခယ်လီ)ကို လေ့ကျင့်ပေးသော အဖွဲ့အစည်းဖြစ်သည့် ‘Tails for Life’ (အသက်အတွက်အမြီးများ)သည် လက်ရှိတွင် ဆော်လမွန်ကို ကူညီရန်အတွက် ခွေးလေး Waffles (ဝါဖလ်) ကို ပြင်ဆင်လေ့ကျင့်ပေးနေပါသည်။
ဆော်လမွန်သည် ကုသမှုကိုလက်ခံကာ မကြာခဏဆိုသလို ဘုရားသခင်ကိုချီးမွမ်းသီချင်းဆိုသော်လည်း အချို့သောနေ့ရက်များက သူ့အတွက် ပိုခက်ခဲသည်။ ထိုခက်ခဲသောနေ့များတွင်…
ပေါင်းစည်းခြင်းသည် သာ၍ကောင်းသည်
တစ်ဦးတည်း ရုန်းကန်လှုပ်ရှားနေရသောမိခင် မာရီးသည် ဘုရားကျောင်းတက်ခြင်းနှင့် ကျမ်းစာလေ့လာခြင်း၌ ပျက်ကွက်ခဲသည်။ အပတ်စဉ် သားသမီး ငါးယောက်နှင့်အတူ ဘတ်စ်ကားစီးလာပြီး ပြင်ဆင်ခြင်းနှင့် သန့်ရှင်းရေးတွင် ကူလုပ်ပေးသည်။
တစ်ခုသောတနင်္ဂနွေနေ့၌ သင်းအုပ်ဆရာက အသင်းတော်မှအသင်းသားအချို့တို့ သူတို့မိသားစုအတွက် လက်ဆောင်များ လှူဒါန်းထားကြောင်း မာရီးအားပြောပြသည်။ ဇနီးမောင်နှံနှစ်ဦးက သက်သာသောဈေးနှုန်းဖြင့် သူတို့မိသားစုကို အိမ်ငှားသည်။ အခြားဇနီးမောင်နှံက သူတို့၏ကော်ဖီဆိုင်၌ သူမကို ခံစားခွင့်များနှင့် အလုပ်ခန့်သည်။ လူငယ်တစ်ဦးက သူပြန်လည်မွမ်းမံထားသော ကားအဟောင်းကို ပေးသည့်အပြင် သူ၏စက်ပြင်ဆရာအဖြစ် လုပ်ဆောင်ပေးမည်ဟု ကတိပေးခဲ့သည်။ ဘုရားရှင်နှင့်အချင်းချင်းကို ကူညီရိုင်းပင်းအစေခံသော ဤအသိုင်းအဝိုင်း၌ ပျော်ရွှင်စွာနေထိုင်ရ၍ မာရီးသည် ဘုရားသခင်အား အလွန်ကျေးဇူးတင်မိသည်။
မာရီး၏အသင်းတော်မိသားစုကဲ့သို့ ကျွန်ုပ်တို့ရက်ရောစွာ ပေးကမ်းနိုင်ချင်မှပေးကမ်းနိုင်မည်ဖြစ်သော်လည်း ဘုရားသားသမီးများအချင်းချင်း မစရန် ဘုရားရှင် အကြံအစည်ရှိပါသည်။ ယုံကြည်သူများအား “တမန်တော်တို့၏ ဆုံးမသြဝါဒကို ခံခြင်း”၊ “အပေါင်းအသင်းဖွဲ့ခြင်း” တို့၌ “စိတ်နှစ်မြှုပ်”ထားကြသူများဟု ခရစ်ဝင် ကျမ်းရေးသူ ရှင်လုကာက…
ဝမ်းမြောက်ရသည့် အကြောင်းအရင်းများ
အသင်းတော်ရှိ လူအများ မိတ်သဟာယဖွဲ့ရာနေရာသို့ မစ္စ် ဂလန်းဒါ ဝင်လာတိုင်း အခန်းတစ်ခုလုံးသို့ သူမ၏ဝမ်းမြောက်ခြင်းများ ကူးစက်ပျံ့နှံ့သွားသည်။ ခက်ခဲသည့် ဆေးဝါးကုသမှုခံယူခဲ့ရာမှ သူမ ပြန်လည်သက်သာလာခါစဖြစ်ပြီး ပုံမှန်ပြုလုပ်နေကျ ဘုရားကျောင်းပြီးချိန် နှုတ်ဆက်ခြင်းအစီအစဥ်အတွက် သူမ ကျွန်မထံ ရောက်လာရာ၊ ပြီးခဲ့သည့်နှစ်များတစ်လျှောက် ကျွန်မနှင့်အတူ သူမငိုကြွေးခဲ့ခြင်း၊ နူးညံ့စွာ အမှားထောက်ပြပြုပြင်လျက် ခွန်အားပေးခဲ့သည့်အချိန်တိုင်းအတွက် ဘုရားသခင်အား ကျေးဇူးတင်မိသည်။ သူ့ကြောင့် ကျွန်မ၏ခံစားချက်များ နာကျင်ထိခိုက်ရသည်ဟု ယူဆသည့်အခါတိုင်း သူမကိုခွင့်လွှတ်ရန်ပင် ပြောခဲ့သည်။ မည်သည့် အခြေအနေမျိုးပင်ဖြစ်ဖြစ် ကျွန်မ၏ရုန်းကန်နေရမှုများကို သူမအား ရိုးသားပွင့်လင်းစွာ ဝေမျှရန်နှင့် ကျွန်မတို့၌ ဘုရားသခင်အား ချီးမွမ်းရန် အကြောင်းအရင်းများစွာ ရှိနေကြောင်းကို သူမက သတိပေးသည်။
အမေဂလန်းဒါသည် (သူမအား ထိုသို့ခေါ်ရန် ကျွန်မကို ခွင့်ပြုထားသည်) ကျွန်မအား နူးညံ့ညင်သာစွာ ပွေ့ဖက်ပြီး “ကလေးရေ” ဟုခေါ်သည်။ ကျွန်မတို့ ခဏမျှ စကားစမြည်ပြောပြီး အတူတူ…
ဝမ်းနည်းကြေကွဲခြင်းနှင့် ကျေးဇူးသိတတ်ခြင်း
ကျွန်မအမေ ဆုံးသွားပြီးနောက် သူမ၏အဖော် ကင်ဆာလူနာချင်းတစ်ဉီးက ကျွန်မထံလာပြီး “အစ်မအမေက ကျွန်မကိုသိပ်ကြင်နာတာပဲ။ ကျွန်မအစား သူသေသွားတာ အရမ်းဝမ်းနည်းတယ်” ဟု ရှိုက်ကြီးတငင် ငိုကြွေးပြီး ပြောခဲ့သည်။
“အစ်မအမေက ညီမကိုချစ်တယ်။ ညီမရဲ့သားတွေကြီးပြင်းလာတာကို ညီမ မြင်တွေ့ခွင့်ရဖို့ ဘုရားသခင်ဆီမှာ အစ်မတို့အတူ ဆုတောင်းပေးခဲ့တယ်”ဟု ကျွန်မ ပြောပြီး၊ သူ့လက်ကိုဆုပ်ကိုင်ရင်း သူမနှင့်အတူငိုကြွေးကာ၊ သူမသည် ငြိမ်ဝပ်လျက် ပူဆွေးရန် မစမည့်အကြောင်း ကျွန်မဆုတောင်းပေးခဲ့သည်။ လတ်တလောတွင် သူမ၏ဝေဒနာသက်သာလာပြီး သူမခင်ပွန်းနှင့် ကြီးပြင်းလာမည့်ကလေးနှစ်ဉီးကို ဆက်ချစ်ခွင့်ရသည့်အတွက် ဘုရားရှင်အား ကျေးဇူးတင်ပါသည်။
ယောဘသည် သားသမီးများအပါအဝင် အရာအားလုံး ဆုံးရှုံးလိုက်ရခြင်းကြောင့် သူ့ပူဆွေးသောက၏နက်နဲမှုကို သမ္မာကျမ်းမှဖော်ပြထားသည်။ ယောဘသည် ပူဆွေးမှုဖြင့် “မြေပေါ်မှာဝပ်လျက် ကိုးကွယ်”သည် (ယောဘ ၁:၂၀)။ ဝမ်းနည်းကြေကွဲမှု၊ မျှော်လင့်ခြင်းကိုပြသည့် ဝန်ခံအပ်နှံမှု၊ ကျေးဇူးသိတတ်မှုဖြင့် “ထာဝရ ဘုရားပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည်…
ကောင်းကင်ဘုံ၌ ပြန်လည်ပေါင်းစည်းတွေ့ဆုံပွဲ
ကျွန်မမိခင်၏နာရေးကြော်ငြာ ရေးနေစဥ် ‘ကွယ်လွန်သည်’ ဟူသည့်စကားစုက ကောင်းကင်ဘုံ၌ ပြန်လည်ဆုံစည်းရမည်ဟူသည့် ကတိတော်အပေါ် ကျွန်မ၏ မျှော်လင့်ခြင်းအတွက် အဆုံးသတ်စကားလုံး ဖြစ်ပုံပေါ်သည်ဟု ခံစားရသည်။ ထိုကြောင့် “သူမသည် သခင်ယေရှု၏ရင်ခွင်တော်သို့ ကြိုဆိုပွေ့ဖက်ခြင်းခံရသည်” ဟု ရေးခဲ့သည်။ သို့သော် တစ်လောက ရိုက်ထားသည့် ကျွန်မ၏မိခင် မပါဝင်သောမိသားစုဓာတ်ပုံများ ပြန်ကြည့်မိသည့်နေ့က ကျွန်မစိတ်မကောင်းဖြစ်မိသေးသည်။ မကြာမီက ကွယ်လွန်သွားပြီဖြစ်သည့် မိသားစုဝင်များကို မိသားစုပုံတူပန်းချီကားတွင် ထည့်သွင်းရေးဆွဲသည့် ပန်းချီဆရာကို ကျွန်မတွေ့ခဲ့သည်။ ထိုပန်းချီဆရာသည် ကျွန်မတို့အရင် ကွယ်လွန်သွားကြသည့် ကျွန်မတို့ချစ်ခင်ရသူတို့၏ဓာတ်ပုံကို ကြည့်ပြီး မိသားစုပန်းချီကားတွင် သူတို့အား ထည့်သွင်းရေးဆွဲသည်။ စုတ်တံတစ်ခု၏ စုတ်ချက်များအားဖြင့် ထိုပန်းချီပညာရှင်သည် ကောင်းကင်ဘုံ၌ ပြန်လည်ပေါင်းစည်းတွေ့ဆုံရမည့် ဘုရားသခင်၏ကတိတော်ကို ပြသသည်။ ကျွန်မ၏ နံဘေး၌ ကျွန်မ၏မိခင်ပြုံးလျက်ရှိနေပုံကို ပြန်လည်တွေ့မြင်ရမည်ဟူသည့်အတွေးကြောင့် ကျေးဇူးတင်စိတ်ဖြင့် ကျွန်မမျက်ရည်ကျခဲ့ပါသည်။
အခြားသူတို့ ဝမ်းနည်းသကဲ့သို့ ကျွန်မတို့ဝမ်းနည်းစရာ မလိုကြောင်း (၁ သက် ၄:၁၃)၊…
ချစ်မေတ္တာ၌ တည်နေသည်
ကျွန်မအမေနှင့် အတူနေပြီး သူမအား ပြုစုရန် ကင်ဆာပြုစုစောင့်ရှောက်ရေး စင်တာသို့ ကျွန်မရောက်လာခဲ့သည်။ မိုင်ပေါင်း ၇၅၀ ကျော် အဝေး၌ ကျွန်မမိသားစု၊ အသိုင်းအဝိုင်း၏ ထောက်မမှုတို့ကို ချန်ရစ်ပြီး ထွက်လာခဲ့ရခြင်းကြောင့် ကျွန်မအထီးကျန်၍ ကြောက်ရွံ့သကဲ့သို့ ခံစားနေရသည်။ ကျွန်မ၏လက်ဆွဲအိတ်ကို မဆွဲမမီမှာပင် အားပါးတရပြုံးတတ်သူ ဖရန့်ခ်က ကူညီရန် ကမ်းလှမ်းခဲ့သည်။ (၆) လွှာရှိ အဆောင်သို့ ကျွန်မတို့ရောက်သော် ဖရန့်ခ်ဆေးကုသမှုခံယူစဉ် သူ့အားစောင့်ရှောက်ခဲ့သည့် သူ့ဇနီးသည် လိုရီနှင့်တွေ့ရန် ကျွန်မဆုံးဖြတ်လိုက်သည်။ ကျွန်မတို့သည် ဘုရားသခင်နှင့် အချင်းချင်းအပေါ် အမှီသဟဲပြုလျက် သူတို့ဇနီးမောင်နှံနှင့် မိသားစုသဖွယ် ဖြစ်လာသည်။ ကျွန်မတို့အတူတကွ ရယ်မောကြ၊ ရင်ဖွင့်ကြ၊ ငိုကြ၊ ဆုတောင်းကြသည်။ ကျွန်မတို့သည် အိမ်ကို ချန်ရစ်ခဲ့ရ၍ ခံစားရသော်လည်း အချင်းချင်းကို အားပေးကူညီရင်း ဘုရားသခင်နှင့်အကျွမ်းဝင်မှု၊ အချင်းချင်းကြား အကျွမ်းဝင်မှုက ကျွန်မတို့ကို မေတ္တာ၌တည်စေခဲ့သည်။
ရုသသည် သူ၏ယောက္ခမနောမိအား ပြုစုရန်…
ထွန်းလင်းတောက်ပလျက် လွင့်မျောသူများ
၂၀၂၀ ခုနှစ် နွေဦးရာသီ၏ ညကောင်းကင်အောက်တွင် ရေလွှာလျှောစီးသူများ သည် အမေရိကန်နိုင်ငံ၊ စန်ဒီရေဂို ကမ်းရိုးတန်းတစ်လျှောက် ဇီဝအလင်းဖြာထွက်နေသောလှိုင်းများကို စီးနေကြသည်။ ဤအလင်းပြပွဲသည် ‘Phytoplankton’ (ဖိုင်တိုပလန်တန်)ဟုခေါ်သော အဏုကြည့်သက်ရှိများကြောင့် ဖြစ်ရခြင်းဖြစ်သည်။ ထိုဝေါဟာရသည် ‘wanderer - လှည့်လည်သူ’ (သို့) ‘drifter - လွင့်မျောသူ’ ဟုအဓိပ္ပာယ်ရသော ဂရိစကားမှ ဆင်းသက်လာသည်။ နေ့ခင်းဘက်တွင် ထိုသက်ရှိများက အနီရောင် ဒီရေများကို ဖန်တီးပြီး ဓာတုစွမ်းအင်အဖြစ် ပြောင်းလဲပေးသည့်နေရောင်ခြည်ကို ဖမ်းယူကြသည်။ အမှောင်ထုက ထိုးဖောက်နှောင့်ယှက်လာသောအခါ ၎င်းတို့သည် အပြာရောင်လျှပ်စစ်အလင်းတန်းကို ထုတ်ပေးပါသည်။
သခင်ယေရှုကို ယုံကြည်သူများသည် ကောင်းကင်နိုင်ငံတော်သားများဖြစ်ပြီး အနီရောင်ရေညှိဒီလှိုင်းများပမာ လောကကြီးထဲတွင် လှည့်လည်သွားလာသူများ (သို့) လွင့်မျောသူများကဲ့သို့ ဖြစ်သည်။ အခက်အခဲများက ကျွန်ုပ်တို့၏အကြံအစည်ကောင်းများကို နှောင့်ယှက်သောအခါ၊ လောက၏အလင်းဖြစ်သော သခင်ယေရှုကဲ့သို့ အမှောင်ထဲတွင် ရောင်ပြန်ထွန်းလင်းသောစရိုက်လက္ခဏာကို ကျွန်ုပ်တို့ထင်ဟပ်ပြသနိုင်ရန် သန့်ရှင်းသောဝိညာဉ်တော်က မစပေးနေသည်။ တမန်တော်…